Saturday, December 12, 2020

Sound of the Desert (2014) (စ-ဆုံး)

 


ယခုတစ်ခါ တင်ဆက်ပေးချင်တာကတော့ `ကန္တာရမုန်တိုင်း´ တရုတ်ဇာတ်လမ်းတွဲလေးဖြစ်ပါတယ် ဒီဇာတ်လမ်းတွဲဟာ မင်းသားကြီး Hu Ge ရဲ့ အောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲတွေထဲကတစ်ခုဖြစ်ပါတယ် ရှင်ယွဲ့ဟာဝံပုလွေတွေနဲ့အတူ ကန္တာရမှာကြီးပြင်းလာရသူပါ ကန္တာရမှာနေထိုင်ရင်း သူမဟာ
တစ်နေ့မှာ ခရီးသွားတဲ့အဖွဲ့တစ်ခုဆီကနေ အဝတ်အစားနဲ့ဆားတွေခိုးရာမှ သခင်လေး(၉) လို့ခေါ်တဲ့ မော့ရွှင်(Hu'Ge)နဲ့တွေ့ဆုံခဲ့ပါတယ်တိုက်ဆိုင်စွာပဲ နောက်ထပ်ခရီးသွားတဲ့အဖွဲ့တစ်ဖွဲ့ကို ဓားပြတွေလက်ကကူညီရင်း ဝေ့ဝူကျိ လို့ခေါ်တဲ့ ဝေ့စစ်သူကြီးနဲ့ထပ်မံတွေ့ဆုံကာ အဲဒီအဖွဲ့ကိုလမ်းပြပေးရင်း ရင်းနှီးခဲ့ကြတယ် ဒီလိုနဲ့အကြောင်းအမျိုးမျိုးကြောင့် ရှင်ယွဲ့ဟာ ကျင်အန်းမြို့တော်ဆီရောက်ခဲ့ပြီး ဝေ့သခင်လေးပေးခဲ့တဲ့ငွေတွေအကုန်သုံးမိရာက အကစံအိမ်တစ်ခုမှာအလုပ်ဝင်လုပ်ခဲ့ရပါတယ်အဲ့နောက် သခင်လေး ၉ နဲ့ပြန်တွေ့ပြီး သခင်လေးရဲ့မြှောက်စားမှုကြောင့် အကစံအိမ်သခင်မဖြစ်လာခဲ့တယ် ရှင်ယွဲ့ဟာမော့ရွှင်ကိုနှစ်သက်မိရာက မော့ရွှင်ရဲ့လုပ်ငန်းတွေကိုကူညီဖို့ကြိုးစားနေတုန်း ဝေ့သခင်လေးနဲ့ပြန်လည်တွေ့ဆုံခဲ့ရာက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းစတင်ခဲ့ပါတယ် ရှင်ယွဲ့ဟာ လမင်းကြီးနဲ့ပန်းလေးများလို့ခေါ်တဲ့ပြဇာတ်တစ်ခုကို(ရည်ရွယ်ချက်ရှိရှိ)ဖျော်ဖြေရာက နန်းတော်အထိပေါက်ကြားကာ မင်းသမီးကြီးနဲ့တွေ့ဆုံဖို့ဖန်လာပါတယ်
ဒါဆို ရှင်ယွဲ့ဟာ ကျင်အန်းမြို့တော်ဆီလာပြီး နန်းတော်အတွင်းထိဝင်နိုင်အောင် ဘာကြောင့်ကြိုးစားတာလဲ ?
သခင်လေး(၉) ကရောသူမကိုဘာကြောင့်မြှောက်စားခဲ့တာလဲ ?
ပြီးတော့ သူမတစ်ဖက်သတ်နှစ်သက်နေတဲ့ သခင်လေး(၉) ခေါ်မော့ရွှင်ကသူမကိုပြန်ပြီးနှစ်သက်မလား ?
ချစ်တတ်လွန်းတဲ့ ဝေ့သခင်လေးကပဲ သူမအချစ်ကိုအနိုင်ရမလားဆိုတာကို
‌ကန္တာရမုန်တိုင်း ဇာတ်လမ်းတွဲမှာ ဆက်ပြီးကြည့်ရှုအားပေးနိုင်ပါပြီ

Credit : FIV Channel (တောင်းဆိုသူများသောကြောင့် Facebook တွင်လဲ Link ရှာမရတော့ သောကြောင့် Upload လုပ်ပေးခြင်းဖြစ်ပြီး FIV Channel အဖွဲသားအားလုံးကို Credit ပေးပါသည်။)





Friday, December 11, 2020

God of War Zhao Yun (2016) မြန်မာစာတန်းထိုး (စ-ဆုံး)


၂၀၁၆ ခုနှစ်မှာထွက်ရှိထားတဲ့ ဒီတရုတ်ဇာတ်လမ်းတွဲဟာ ငယ်ငယ်ကတည်းက အခု အချိန်ထိ ဂိမ်းလောကမှာ PC ဂိမ်းလောကမှာ နာမည်ကြီးတဲ့ သုံးနိုင်ငံဂိမ်းကို အခြေခံပြီး ရိုက်ကူးထားတာပါ ... အဓိက ဇာတ်ကောင်ကတော့ ဂိမ်းတွေထဲမှာ နာမည်ကြီးတဲ့ လှံတံရှည်ကိုင်တဲ့ သူရဲကောင်း Zhao Yun ကို အဓိက ပုံဖော်ထားပါတယ် ... တခြားနာမည်ကြီး ဇာတ်ကောင်တွေ ဖြစ်တဲ့ Lu Bu, Dong Zhuo, Chao Chao, Guan Yu, Diao Chan အစရှိတဲ့ သုံးနိုင်ငံဂိမ်းထဲက ဇာတ်ကောင် အကုန်နီးပါးကို မြင်တွေ့ရမှာပါ ... IMDb မှာ 7.5 ရရှိထားပြီး MyAsianTV မှာ 7.8 ရရှိထားတဲ့ နာမည်ကြီး ဇာတ်ကားကောင်းတစ်ခုပါ......



Credit : MMTV95
ယခုဇာတ်ကားကို MMTV95 မှတင်ဆက်ထားခြင်းဖြစ်ပြီး မူရင်း လင့်များ ပျက်နေသောကြောင့်
Live Now မှ ပြန်လည် Upload ပြုလုပ်ပေးခြင်းဖြစ်ပါသည်။

Quality : 480p/720p
File Size : 150MB to 350MB